For English Version, Click Here
CDM စီးပွားရေးစနစ်
CDM စီးပွားရေးစနစ်၏ ရည်ရွယ်ချက်များ
၁။ ၂၀၂၁ ခု ဖေဖော်ဝါရီ စစ်အာဏာသိမ်းမှုကို ကာလရှည် ခိုင်ခိုင်မာမာ တသမတ်တည်း (long-term sustain) ဆန့်ကျင်ရန်
၂။ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့် CDM လှုပ်ရှားမှုတွင် ပါဝင်သူများကို အထောက်အပံ့ပေးရန်
၃။ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့် Social Punishment လှုပ်ရှားမှုကို လက်တွေ့ကျကျ လုပ်ဆောင်ရန်
CDM စီးပွါးရေးစနစ်ဆိုတာဘာလဲ။
CDM စီးပွါးရေးစနစ်သည် မှောင်ခိုစျေးကွက်နှင့် ဆင်တူပြီး ၄င်း၏ ဆန့်ကျင်ဘက်ဖြစ်သည်။
မှောင်ခိုစျေးကွက်တွင် စျေးအမျိုးမျိုးရှိသည်။ တရားဝင် စျေးနှုန်းက ပိုမို သက်သာသော်လည်း ဝယ်စရာ ကုန်ပစ္စည်းမရှိ။ မှောင်ခိုစျေးနှင့် ဝယ်လျှင် ရနိုင်သည်၊ ဒါပေမယ့် ပိုဈေးကြီးသည်။
ထို့အတူ CDM စီးပွါးရေးစနစ်တွင် စစ်တပ်နှင့် စစ်တပ်ဆက်နွယ် လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်း၊ လုပ်ငန်းများ (ရန်သူများ) အတွက်ပိုမို မြင့်မားသော စျေးနှုန်း သတ်မှတ်ချက် ထားရှိမည်ဖြစ်ပြီး CDM လှုပ်ရှားမှုတွင် ပါဝင်သည့် သူများအတွက် သက်သာသော အထူးနှုန်း ထားရှိမည် ဖြစ်သည်။
သန္နိဌာန်
ကျွန်တော်တို့သည်
- ဖိနှိပ်သူများနှင့် ၄င်းတို့၏ မိသားစုဝင်များဆီမှ ငွေကြေးများ စီးထွက်စေရန် နည်းမျိုးစုံဖြင့် လုပ်ဆောင်မည် ဖြစ်သည်
- မိမိတို့၏ ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုများကို စစ်တပ်နှင့် ရဲတပ်ဖွဲ့ ဝန်ထမ်းများနှင့် ၎င်းတို့၏ မိသားစုဝင်များ၊ ဆက်စပ် အဖွဲ့အစည်းနှင့် လုပ်ငန်းများအား စျေးနှုန်းကြီးကြီးဖြင့် ရောင်းချမည်။
- မိမိတို့၏ ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုများကို CDM တွင် ပါဝင်သူများ၊ လိုအပ်သော အောက်ခြေ လူတန်းစားများအား ပိုမို သက်သာသော စျေးနှုန်းဖြင့် ရောင်းချမည်။
- CDM စီးပွါးရေးစနစ်တွင် ကျွန်တော်တို့သည် စီးပွားရေးလုပ်ငန်းများ ကို ရေရှည် (၆လ မှ ၁၂ လ အထိ) ဆက်လက် တည်တံ့စေရန် ဆောင်ရွက်သွားမည်။
- အထက်ပါ ကတိကဝတ်များကို အကောင်အထည်ဖော်ဆောင်နိုင်ရန် သင့်လျော်သော နည်းစနစ်နှင့် နည်းပညာများကို အသုံးချသွားမည်။
မကြာခဏ မေးတတ်သော မေးခွန်းများ (FAQs)
CDM Economy Manifesto ကို မည်သူတွေ ကတိကဝတ်ပြု ပါဝင်နိုင်သလဲ။
စျေးများတွင် ဟင်းရွက်ကန်စွန်း ရောင်းချသူများနှင့် ဆိုက်ကားဆရာများမှ စူပါမားကတ်ကြီးများနှင့် အဆင့်မြင့် စားသောက်ဆိုင်/ကလပ်/ဘား/ဟိုတယ်များအထိ ကုန်စည်နှင့် ဝန်ဆောင်မှုများကို ရောင်းချနေသူ မည်သူမဆို ပါဝင်နိုင်ပါသည်။
အသေးစိတ် ဘယ်လို ဆက်လုပ်ရမှာလဲ၊ သန္နိတ်ဌာန်က တိုလွန်းပြီး မပြည့်စုံဘူး။
ကျွန်တော်တို့ ပြုစုထားသော အောက်ပါ အကြံပြုချက်များမှ သင့်လုပ်ငန်းနှင့် ဆီလျော်ရာကို ရှာဖွေ လုပ်ဆောင်နိုင်ပါသည်။ အကယ်၍ သင့်လုပ်ငန်းအမျိုးအစားနှင့် ဆီလျော်ရာ အကြံပြုချက်များ မရှိသေးပါက "tallalchemist001@gmail.com" ကို ဆက်သွယ်ပါ။
အကြံပြုချက်များ
စားသောက်ဆိုင်လုပ်ငန်းများ
- စစ်သားနှင့်ရဲ များအား စျေးနှစ်ဆတောင်းဆိုရန်
- ဝင်ငွေကောင်းမည်ဟု ထင်ရသည့်သူများအား စျေးနှူန်းတစ်ဆ နှင့် တစ်ဆခွဲတောင်းဆိုရန်
- CDM တွင် ပါဝင်သူများအား စျေးနှုန်းတစ်ဝက်သာ ယူရန်
- နောင်တွင် ကျွန်တော်တို့ ဖန်တီးပေးမည့် CDM discount app ကို အသုံးပြု၍ CDM တွင် ပါဝင်သူဟုတ်/မဟုတ် စစ်ဆေးရန်
စတိုးဆိုင်နှင့် Supermarket များ
- ပုံမှန်စျေး ထက် ၁ ဆခွဲ အမြဲစျေးတင်ထားရန်
- CDM တွင် ပါဝင်သူများအား ငါးဆယ် ရာခိုင်နှုန်း (တဝက်) စျေးချပေးရန်
- အာဏာသိမ်း စစ်ကောင်စီ အခွန်မဆောင်ရန်
- နောင်တွင် ကျွန်တော်တို့ ဖန်တီးပေးမည့် CDM discount app ကို အသုံးပြု၍ CDM တွင် ပါဝင်သူဟုတ်/မဟုတ် စစ်ဆေးရန်
CDM အားပေးအဖွဲ့အစည်းများ
- CDM discount app တစ်ခါသုံး activation code များအား ဖြန့်ချိရန်